***အသိပေးကြေငြာခြင်း***


OTTO Electronic ပစ္စည်းများဝယ်ယူသုံးစွဲလျှက်ရှိသော Customers များခင်ဗျာ –
ယခုအခါ မိမိတို့တရားဝင်မှတ်ပုံတင် ဖြန့်ချီလျှက်ရှိသော OTTO Electronic ပစ္စည်းများ၏ အတုအပများ တင်သွင်းပြီး မဲစနစ်ဖြင့်ရောင်းချသည်ဆိုပြီး ပစ္စည်းတန်ဖိုးနှင့်မမျှ အာမခံကဒ်မပါရှိပဲ နယ်များတွင်ကားဖြင့်လှည့် လည်ပြီး လိမ်လည်ရောင်းချနေကြောင်း ကြားသိရပါသဖြင့် ဝယ်ယူသူ Customers များအနေဖြင့် သတိပြုနိုင်ပါရန် အသိပေး အပ်ပါသည်။
OTTO Electronic ပစ္စည်းများကို မိမိတို့ ကုမ္ပဏီမှ ရောင်းချရာတွင် Warranty ကဒ်ပါရှိသည့်အပြင် ပစ္စည်း ပေါ် တွင် Hologram ပါရှိမှသာ အစစ်အမှန်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ပစ္စည်းစျေးနှုန်းကို သိရှိလိုပါက 09977400941, 099421163941 ဖုံးနံပါတ်များသို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။
OTTO Electronic မိသားစုမှ ၀ယ်ယူအားပေးသော Customers များအား After Sale Service ကို အထူးဂရု စိုက်၀န်ဆောင်မှုပေးလျှက်ရှိပါသည်။